IMDb 7.8 ရှိတဲ့ ရုပ်ရှင်ကားကြီးတစ်ကားလာပါပြီ။ နော်ဝေးဗိုက်ကင်းတွေရဲ့ ခေတ် ဇာတ်လမ်းကောင်းတစ်ခုပါပဲ။ နာမည်ကျော်ဗိုက်ကင်းစီးရီးကြီးနဲ့ ဆက်စပ်တာတော့မဟုတ်ပါဘူး။မင်းသားအမ်လက်သ်ရဲ့ ဒဏ္ဍာရီဆိုတဲ့ ရှေးပုံပြင်ကိုအခြေခံပြီးရိုက်ကူးထားတာပါ။ သရုပ်ဆောင်ချက်ကောင်းကောင်း၊ ဒိုင်ယာလော့ကောင်းကောင်းတွေနဲ့ ရိုက်ကူးချက်အလန်းတွေတိုက်ခိုက်ခန်းအလန်းတွေကိုမြင်ရမှာဖြစ်ပါတယ်။ အဖော်အချွတ်ခန်းအနည်းငယ်ပါလို့အိမ်မှာ မိသားစုနဲ့ကြည့်ရင်တော့ သတိထားရမှာပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ဗိုက်ကင်းဘုရင် အာဗန်ဒေးမှာ အမ်လက်သ်ဆိုတဲ့သားတော်မင်းသားလေးတစ်ပါးရှိပါတယ်။ တစ်နေ့မှာတော့ ဘုရင်အာဗန်ဒေးရဲ့ညီ ဖီအိုနာက သူ့အစ်ကိုကို လုပ်ကြံပြီး ထီးနန်းကိုသိမ်းပိုက်လိုက်ပါတော့တယ်။ ဒါအပြင် အမ်လက်သ်ရဲ့အမေကိုပါ ဖမ်းဆီးပြီး အမ်လက်သ်ကိုပါသတ်ဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ကံကောင်းပြီး အမ်လက်သ်လွတ်သွားတဲ့အခါထီးနန်းကိုပြန်ယူဖို့၊ မိခင်ကိုကယ်တင်ဖို့ နဲ့ အဖေအတွက် လက်စားချေဖို့ ပြန်ကြိုးစားပါတော့တယ်….. .
-
whtch
