ဂျာကာတာမြို့က ဗိသုကာပညာရှင်တစ်ယောက်ရဲ့ တစ်ခုသောမွေးနေ့ကို ဇနီးနဲ့သားနဲ့အတူတူ ကြည်ကြည်နူးနူး ဖြတ်သန်းနေတဲ့ တစ်ညမှာပေါ့။ အိမ်ရှေ့ကတံခါးခေါက်သံကြားလိုက်ရလို့ ဗိသုကာပညာရှင်ဟာ ဒယ်လီသမားလာတယ်ထင်ပြီး တံခါးသွားဖွင့်ပေးလိုက်တယ်။ မထင်မှတ်ထားတဲ့ လူသုံးယောက်ကို တွေ့လိုက်ရလို့ တံခါးကိုပိတ်လိုက်ပေမဲ့ နောက်ကျသွားခဲ့ပြီ… တံခါးကိုအတင်းတွန်းဝင်လာပြီး အဆိုပါလူ၃ယောက်ဟာ သူ့မိန်းမနဲ့ကလေးကို သတ်သွားကြတယ်။ဒီလိုအဖြစ်ဆိုးကြီးဖြစ်ပြီးတဲ့နောက် ရှင်ကျန်ခဲ့တဲ့သူဟာ အသက်ရှင်တယ်လို့ကို မခံစားရတော့ဘဲ ခေါက်ဆွဲပြုတ်ပဲစားရင်း အလုပ်ပဲလုပ်နေရင်း ထရော်မာအပြည့်နဲ့ရှင်သန်လာခဲ့တယ်။ ဒီလိုနဲ့ စိတ်ရောဂါကုဆရာဝန်မလေးတစ်ယောက်ဆီသွားဖို့ မိတ်ဆွေတစ်ယောက်က အကြံပေးလို့ သွားခဲ့တဲ့နောက် ဆရာဝန်မလှလှလေးကို တွေ့လိုက်ရတဲ့အခါမှာတော့…လူသတ်ခန်းတွေပါသလို Sex Scenes တွေပါ ပါလို့ မိသားစုနဲ့အတူမကြည့်သင့်ပါဘူး။ .
-
whtch
